ဝန်းသို ၂၆ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦစီးမှုးရုံး၌ ယနေ့နံနက် ၈ နာခွဲအချိန်က တောင်သူများ သီးနှံဖျက်ပိုးဆိုင်ရာ နည်းပညာပေးသင်တန်းကို ဖွင့်လှစ်ခဲ့သည်။
ယင်းသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၃၉ ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်စန်းစန်းမြင့် (လက်ထောက် ညွှန်ကြားရေးမှူး)က သီးနှံဖျက်ပိုးများဖြစ်ကြသော ကန္တာရကျိုင်းကောင်၊ ဖောငမြေှာင်တောင်ပိုး၊ ဖြုတ်ညို၊ ဖြုတ်စိမ်း၊ ကြက်သွန်မြိတ်ပိုးနှင့် ဆစ်ပိုး၊ ဘက်တီးရီးယားရွက်ခြောက် ရောဂါများအကြောင်းကို သင်တန်း ကာလတစ်ရက်ကြာ ဆေွးနွေးပို့ချသွားမည် ဖြစ်သည်။
သစ်တောသစ်ပင်များပြုန်းတီးမှု၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲလာမှုတို့ကြောင့် ပိုးမွှားများ ပွားများလာမှု၊ ဖျက်ဆီးမှုတို့အား တောင်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်နှင့် စိုက်ပျိုးရေး အသိပညာများတိုးပွားလာစေရန်ရည်ရွယ်၍ အဆိုပါသင်တန်းကိုဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးတင့်ဆွေထံမှ သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


