တောင်သာ ၂၆ ဇွန်
တောင်သာ-နွားထိုးကြီးလမ်းသည် ရှေးခင်ကတည်းက ပြည်တော်သာလမ်းအဖြစ်ရှိနေခဲ့ရာမှ ခေတ်အဆက် ဖြတ်သန်းခဲ့ရာ ယခုနှစ်တွင် တောင်သာ-နွားထိုးကြီးလမ်းကို ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး လမ်းဘေးဝဲ-ယာတွင် အရိပ်ရ တမာပင် (၁၉၆ဝ)ပင်စိုက်ပျိုးနိုင်ရန် ယနေ့နံနက် (၉နာရီ ၃ဝမိနစ်)အချိန်က အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်း၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့် ဦးဆောင်သောဌာနဆိုင်ရာများ သက်ဆိုင်ရာ ကျေးရွာအုပ်စုများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့် က ဌာနဆိုင်ရာများက တာဝန်ယူပြီး အပင်ရှင်သန်အောင် စိုက်ပျိုးပေးစေလိုကြောင်း၊ တနင်္ဂနွေနေ့တွင် စတင်စိုက်ပျိုးမည်ဖြစ်ကြောင်း၊ ကျင်းများ တူးပေးထားကြောင်း၊မြေဆွေးများအငှားထည့် ထားပေးကြောင်း၊ ဝန်ထမ်းများ စုပေါင်း၍ စိုက်ပျိုးလုပ်ကိုင်စေချင်ကြောင်း စသည်ဖြင့်ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း ကတောင်သာ-နွားထိုးကြီးလမ်းဘေးကို လှလှပပ ညီညီညာညာဖြစ်အောင် တမာပင်များ အားလုံးစီမံထားကြောင်း၊ အခြေခံမြေအစိုဓာတ်ရရှိရန် မိုးရွာသွန်းမည့်ရက်ကို စောင့်ဆိုင်းနေရကြောင်း၊ ယခုမိုးရွာသွန်းထား၍လာမည့် တနဂ်နွေနေ့တွင် စတင်စိုက်ပျိုးမည်ဖြစ်ကြောင်း၊ သစ်ပင်ကို စိုက်ပျိုးရာတွင် အမြစ်လေလုံမှ အပင်ရှင်သန်နိုင်မှာဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းသည် အနာဂတ် သက်ရှိသတ္တဝါများအတွက် များစွာအထောက်အကူဖြစ်သည့်အပြင် လက်တွေ့လည်း အကျိုးပေး ကြောင်း၊ ယခုရာသီဉတု မျှတစွာခံစားနေထိုင်မှုသည် ရှေးသူကြီး၏ သစ်ပင်စိုက်ထားမှုကြောင့် ဖြစ်ကြောင်း၊ များဆွေးနွေးခဲ့ရာ ဌာနဆိုင်ရာအကြီးအကဲများမှ မိမိတို့တာဝန်ယူရမည့် အပင်အရေ အတွက်အတိုင်း ရှင်သန်အောင် စေတနာထားပြီး စိုက်ပျိုးလုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ဥဩသံ(တောင်သာ)


