နေပြည်တော် ၂၆ ဇွန်
COVID-19 ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း အခြေခံလူတန်းစားများအတွက် စားနပ်ရိက္ခာ ဖြန့်ဝေပေးရန်၊ သီးနှံစိုက်တောင်သူများအတွက် သီးနှံဈေးကွက် ရရှိစေရန်နှင့် တောင်တွင်းကြီးမြို့ကို အမှိုက်ကင်းစင်သည့်မြို့ ဖြစ်စေရန်အတွက် ရည်ရွယ်ပြီး ဇွန်လ(၂၆)ရက်နေ့တွင် ပလတ်စတစ်အမှိုက်နှင့် စားနပ်ရိက္ခာ လဲလှယ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ပလတ်စတစ်အမှိုက် ကျန်ကျောင်းအိတ်တစ်အိတ်စာ ယူလာသူတိုင်း ဆန်၊ ခေါက်ဆွဲခြောက်ထုပ်၊ ကြက်ဉ၊ ကန်စွန်းရွက်၊ ခရမ်းသီးနှင့် ငရုတ်သီးစိမ်းပါဝင်သော စာနပ်ရိက္ခာဝေစုတစ်စု ရရှိမည် ဖြစ်ကြောင်း သိရသည်။ ယခုလို လဲလှယ်ပေးမှုမှာ စတုတ္ထအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
#နေပြည်တော်သတင်းဌာန
#MRTV


