ပင်းတယ ၂၆ ဇွန်

 

ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကာ ပင်းတယမြို့နယ်အတွင်းရှိ ပုန်းတလုတ်ကန်၊ ကြာအင်းကန်နှင့် အင်းလျား အင်းကန်များအတွင်းသို့ ယနေ့နံနက်ပိုင်းက  ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ငါးမျိုးများ စိုက်ထည့်ရာတွင် ညောင်ရွှေငါးလုပ်ငန်းစခန်းမှ ငါးမြစ်ချင်း ကောင်ရေ ၆၀၀၀၀၊ ရွှေဝါငါးကြင်းကောင်ရေ ၆၀၀၀၀ နှင့် မြက်စားငါးကြင်းကောင်ရေ ၃၀၀၀၀၊ စုစုပေါင်း သားပေါက်ကောင်ရေ ၁၅၀၀၀၀ တို့အား စိုက်ထည့်ပေးခဲ့သည်။

 

အခမ်းအနားသို့  ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်သီဟထွေးနှင့်အတူ ပင်းတယမြို့နယ် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဒေါ်မမလေး၊ ပင်းတယမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးစိုးမြင့်၊ ရှမ်းပြည်နယ် ဟိုတယ် လုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဌ ဦးကျော်ထွေး၊ ဓနုတိုင်းရင်းသားရေးရာ ဥက္ကဌ ဦးနေမျိုးကျော်၊ ညောင်ရွှေငါးလုပ်ငန်း စခန်းတာဝန်ခံ ဒေါ်မိမိခိုင်နှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်