ဝန်းသို    ၂၆   ဇွန်

 

စစ်ကိုင်းတိုင်းဒေသေကြီး၊ ဝန်းသိုမြို့နယ်တွင် Cash For Work စီမံကိန်းနှင့် Covid-19 စီးပွားရေး ကုစားမှုအစီအစဉ်အရ လုပ်ကွက်ငယ် တောင်သူများနှင့် ဆင်းရဲနွမ်းပါးသူများအတွက် ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဆောင်ရွက်နိုင်ရန် ကျေးရွာများရွေးချယ်ခြင်းကို ယနေ့နံနက် ၉ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဒေါင်းမြူးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ Cash For Work စီမံကိန်းဆောင်ရွက်ရန် ပဏမလျာထားကျေးရွာ ၉ ရွာကိုလည်းကောင်း၊ ကျေးရွာမတည်ရန်ပုံ‌ငွေစီမံကိန်း( Village Revolving Fund Project) ဆောင်ရွက်ကျေးရွာ (၆)ကို Multi-Dimensional Disadvantage Index(MDI)အညွန်းကိန်းများ၊ Covid-19 ကူးစက် ရောဂါ၏ အကျိုးဆက်များကြောင့် အလုပ်အကိုင်နှင့်ဝင်ငွေဆုံးရှုံးမှုရှိသော အလုပ်သမားအရေအတွက် များသော ကျေးရွာ၊ နေရပ်ပြန်နှင့်ရွှေ့ပြောင်းလုပ်သားများသော ကျေးရွာများစသည်တို့ကို အခြေခံ၍ ဝိုင်းဝန်းဆွေး နွေးရွေးချယ်ပေးခဲ့ကြကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း က ပြောသည်။

 

ကျေးရွာရွေးချယ်ပွဲသို့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးနေစိုးအောင်၊ တိုင်းဒေသကြီးလွတ် တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးနှင့် ဒေါ်ခိုင်ခိုင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးနေမျိုးထွန်းနှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး (TPIC)ကော်မတီ အဖွဲ့တွင်ပါဝင်သော ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

 

မွှေးကြူဇင်