နေပြည်တော် ၂၆ ဇွန်
သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာန၊အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းများကို နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ မြို့နယ် ၂၄ မြို့နယ်ရှိ နေရာ ၅၇ နေရာများတွင် မီးသတ်ယာဉ်များ၊ မီးသတ်ပစ္စည်းကိရိယာများဖြင့် ဆောင်ရွက်ခဲ့ရာ ပိုးသတ်ဆေးရည် ၄၄ ဂါလန်နှင့် ပိုးသတ်ဆေးမှုန့် ၁၀ ကီလိုဂရမ်သုံးစွဲခဲ့ပြီး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းစဉ်


