လက်ပံတန်း ၂၆ ဇွန်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း တောင်သူများအား ယခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေနှင့် ကိုဗစ်-၁၉ ရောဂါကာလ စိုက်ပျိုးစရိတ်ချေးငွေများကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဇွန် ၂၅ ရက် နံနက်ပိုင်းမှစတင်၍ စနစ်တကျ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ချေးငွေများကို မြို့နယ်တွင် အစောဆုံးချေးငွေ ပြန်ဆပ်နိုင်သော အိုင်တလုပ် ကျေးရွာအုပ်စုမှ တောင်သူ ၂၀၅ ဦး၊ စိုက်ဧက ၁၂၀၈ ဧကအတွက် ငွေကျပ် သိန်း ၂၄၁၆၀၀၀၀၀ အား ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေအကျေဆပ်နိုင်သော တောင်သူများအား ဆက်လက်ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၀ မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေကို ကျေးရွာအုပ်စု (၅၃) အုပ်စုရှိ ဘဏ်အဖွဲ့ဝင် တောင်သူ ၁၀၀၀၀ ၊ စိုက်ဧက ၇၀၃၆ ဧကအတွက် မိုးစပါးစိုက်ပျိုးစရိတ် ငွေကျပ်သိန်းပေါင်း ၁၀၅၅၄၀၀၀၀၀ ခန့်ကို ထုတ်ချေးပေးရန် လျာထားပြီး ကိုဗစ်-၁၉ အထူးချေးငွေအဖြစ် တစ်ဧက ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ငွေကျပ်သိန်း ၃၅၁၈၀၀၀၀၀ ကို ထုတ်ချေးပေးရန်ဆောင်ရွက်နေကြောင်း မြို့နယ်ဘဏ်မန်နေဂျာ ဦးတင်မောင်ဌေး၏ ပြောပြချက်အရ သိရသည်။
ဝင့်နန္ဒာဌေး


