ပိုင်ကျုံ ၂၆ ဇွန် 

 

ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့၌ သွားလာရေးပိုမို အဆင်ပြေလွယ်ကူစေရန်အတွက် မြို့ချောင်းကူးတံတားကြီးအား အကြီးစားပြင်ဆင်မှုလုပ်ငန်းများကို ဇွန် ၂၄ ရက်က စတင်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

 

အဆိုပါ ချောင်းကူးတံတားသည် အရှည် ၁၁၈၄ ဒသမ ၆ ပေရှိပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၅၀၀ ဖြင့် သံပြားကြမ်းခင်း လဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ရာ တံတားကို ခေတ္တယာယီပိတ်ထားမည်ဖြစ်ပြီး ယင်းတံတားကို တံတားအထူးအဖွဲ့ အမှတ်(၁၄)မှ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပိုင်ကျုံ(ပြန်/ဆက်)