နေပြည်တော် ၂၆ ဇွန် 

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မြန်မာနိုင်ငံပြောင်းလုပ်ငန်း အသင်းဥက္ကဌ ဦးမင်းခိုင်နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ ထွက်ရှိသည့် အစေ့ထုတ်ပြောင်းကို ထိုင်းနိုင်ငံသို့ လွတ်လပ်စွာ တိုးတက်တင်ပို့နိုင်ရေး၊ တရုတ်နိုင်ငံသို့လည်း တရားဝင်တင်ပို့ခွင့် အမြန်ဆုံးရရှိစေရေးနှင့် ပြောင်းဈေးကွက် တိုးမြှင့်ရှာဖွေပေးနိုင်ရေးတို့အတွက် အစိုးရမှကူညီ ဆောင်ရွက်ပေးရေး၊ မြဝတီနယ်စပ်၌ ပြောင်းကုန်သွယ်မှု ဆောင်ရွက်ရာတွင် အရောင်းအဝယ် ကိစ္စရပ်များ မှန်ကန်မှုရှိစေရေးနှင့် ပိုမိုအဆင်ပြေလွယ်ကူမှုရှိစေရေးတို့အတွက် ပြောင်းကုန် စည်ဒိုင်ဖွင့်လှစ်နိုင်ရေး၊ ကိုဗစ်-၁၉ အလွန် ကာလတွင် ပြောင်းတိုးတက်စိုက်ပျိုး ထုတ်လုပ်နိုင်ပြီး ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့်အပြင် ပြည်ပသို့ ပိုမိုတိုးမြှင့်တင် ပို့နိုင်ရေးအတွက် နိုင်ငံတော်နှင့် ဘဏ်များမှ ထိုက်သင့်သည့် ချေးငွေရရှိစေရေး၊ ပြည်ပသို့ တင်ပို့ရာတွင် မိမိတို့ထုတ်ကုန်ပစ္စည်း၏ အရည်အသွေးပြည့်မီရေး စစ်ဆေးမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပြောင်း မျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ရေး၊ ပြောင်းအစေ့ ခြွေစက်များ ခေတ်မှီစေရေးအတွက် ပိုမိုရင်းနှီးမြှုပ်နှံမှုပြုလုပ်ရေး၊ ပြည်တွင်းမွေးမြူရေး ကဏ္ဍအတွက်လိုအပ်သည့် ပြောင်းဆံအား  ပြည်တွင်းတွင် ရောင်းချနိုင် ရေးအတွက် သက်ဆိုင်ရာ အသင်းအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နယ်စပ်ကုန်သွယ်မှုတွင် ဘဏ်များမှတစ်ဆင့် စနစ်တကျ ငွေပေးချေနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

 

(သတင်းစဉ်)