ကော့မှူး ၂၆ ဇွန်
မိုးဦးကျရာသီတွင် ဖြစ်တက်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ဖုန်း၊သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ဘုရားလမ်းရပ်ကွက်၌ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာပေး ဆောင်ရွက်ခြင်း ရေအိုး၊ ရေလှောင်ကန်၊ ရေတိုင်ကီများအတွင်း အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါသည် မဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်သည့်အတွက် ရပ်ကွက်နေပြည်သူများထံအရောက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက အပတ်စဉ် ကွင်းဆင်းဆောင်ရွက် ပေးနေကြောင်း သိရသည်။
ကျော်သူရ(ပြန်/ဆက်)


