ကော့မှူး  ၂၆  ဇွန် 

 

ဇွန်၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်‌ကမ်းစာစောင်အတွဲ (၄) အမှတ် (၆) အား လူစည်ကားရာ နေရာများဖြစ်သော ဈေး၊ လက်ဖက်ရည်ဆိုင်များ၊ ကျေးရွာများအထိ ရန်ကုန်တောင်ပိုင်းခရိုင်‌ ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လိုက်လံဖြန့်ဝေပေးနေကြောင်း သိရသည်။

 

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ ၁၀.၃.၂၀၂၀ ရက်နေ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လားရှိုးမြို့ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားချက်များမှ ကောက်နုတ်ချက်များ၊ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန အော်တိုတယ်လီဖုန်းနံပတ်များ၊ဖက်စ်ဖုန်းနံပတ်များ၊ အီးမေးလ်လိပ်စာများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်ဆိုင်ရာဆိုးကျိုးများနှင့် ကာတွန်းများပါရှိကြောင်း သိရသည်။

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဇွန် ၂၆ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် စောင်ရေ ၂၀၀၀၀၀ အခမဲ့ ထုတ်ဝေပေးနေကြောင်း သိရသည်။

 

ကျော်သူရ(ကော့မှူး)