ဒဂုံ ၂၆ ဇွန်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန် ၂၅ ရက် နံနက်ပိုင်းက ဗိုလ်ချုပ်ဈေး၊ အောင်စည်းစိမ် လက်ဖက်ရည်ဆိုင်နှင့် လမ်းသွားလမ်းလာ ပြည်သူများအား ဖြန့်ဝေပေးကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းအားဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များနှင့် ပတ်သက်သည့် သတင်းတိုင်ကြားရေးဌာနဖုန်းနံပါတ်များ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများ ရရှိနိုင်သောကြောင့် လူငယ်များအနေဖြင့် စမ်းသပ်သုံးစွဲခြင်းမပြုကြ ရန်အတွက် အသိပညာပေးလက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)


