နေပြည်တော် ၂၇ ဇွန်
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ငွေစန္ဒာလမ်းသွယ်(၁)ရှိ မနန်းစံလှိုင် (၄၅)နှစ် နေအိမ်ခြံဝန်းအတွင်းရှိ ငွေစံအိမ်ရိုးရာ ချည်ထည်လုပ်ငန်းလုပ်ကိုင်သည့် အဆောက်အဦတွင် ဇွန် ၂၆ ရက် ည ၁၁ နာရီ မိနစ် ၄၀ ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ တောင်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ငြှိမ်းသတ်ခဲ့သည်။
ဖြစ်စဉ်မှာ ဇွန် ၂၆ ရက် ည ၁၁ နာရီ ၃၅ မိနစ်တွင် အဆိုပါအဆောက်အဦအတွင်း လျှပ်စစ်မီးပူအား မီးပလပ်တပ်ဆင်ရာမှ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ချည်ထည်လိပ်များ၊ ချည်ထည်ချုပ်စက် (၂၀)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ၅၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းခဲ့ကာ လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မနန်းစံလှိုင်အား တောင်ကြီးနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား