ရွှေသောင်ယံ ၂၈ ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်အပိုင် ကျောက်မောင်နှမ ကမ်းခြေတွင် Dolphin ငါးအမျိုးအစား၊ ဒေသအခေါ်(လင်းရှူး) ငါးအရှင်တစ်ကောင်ကို ယနေ့နံနက် ၆ နာရီခန့်က ကမ်းတင်လျက်တွေ့ရှိရသဖြင့် ရွှေသောင်ယံမြို့ မြို့အုပ်ချုပ်ရေးမှူး၊ ရွှေသောင်ယံမြို့ ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဒေသခံများမှ ပင်လယ်ပြင်သို့ ပြန်လည်လွှတ်ပေးခဲ့ကြသည်။

 

အဆိုပါလင်းရှူးငါးမှာ အလျား(၇)ပေ (၃)လက်မ၊ လုံးပတ်(၃)ပေ (၃)လက်မရှိကာ ခန့်မှန်းပိဿာချိန် (၃၅)ပိဿာခန့်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ အတည်ပြုပြောကြားသည်။

 

ကိုကိုမောင် (ပြန်/ဆက်)

 

mdn