ကော့သောင်း ၂၈ ဇွန်
COVID-19 ရောဂါ ထိန်းချုပ်မှုကာလအတွင်း ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသည့် လူနာမိသားစုများ၊ ကျန်းမာရေးဝန်ထမ်းများ စားသောက်မှုကိစ္စ တစ်စိတ်တစ်ဒေသ အဆင်ပြေစေရေး ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (ကော့သောင်း)မှ တန်ဖိုးသင့်ဟင်းလျာနှင့် ကြက်ဥများကိုယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ ခုတင်(၁၀၀) ခရိုင်ပြည်သူ့ဆေးရုံရှေ့တွင် ရောင်းချပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအစီအစဉ်တွင် ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူလျက်ရှိသည့် လူနာများနှင့် လူနာအစောင့် မိသားစုဝင်ပြည်သူများ၊ ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများ စားသောက်မှုကိစ္စများ တစ်စိတ်တစ်ဒေဒေ အဆင်ပြေစေရန် ရည်ရွယ်၍ ထမင်းနှင့် တန်ဖိုးနည်းဟင်းလျာများ၊ တပ်နယ် မွေးမြူရေးခြံထွက် ကြက်ဥများကို သင့်တင့်သည့်ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြရာ ပြည်သူများ ဝယ်ယူအားပေးခဲ့ကြကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


