မြောင် ၂၈ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အပူပိုင်းဒေသတွင် ဖြစ်ထွန်း အောင်မြင်နိုင်သည့် အမယ်သစ်ရှားစောင်းမျိုးစိတ်များ စမ်းသပ်စိုက်ပျိုးရေး အသိပညာပေး သင်တန်းဖွင့်ပွဲကို ဇွန် ၂၈ ရက် နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေး ဦးစစီးဌာနခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဒေါ်စန်းစန်း၀င်းက အဖွင့်အမှာစကား ပြောကြားမှုနှင့်အတူ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒေါက်တာ တင်မာမာဦးက အမယ်သစ်ရှားစောင်း မျိုးစိတ်များ စိုက်ပျိုးနိုင်ရေး၊ အသုံး၀င်ပုံများနှင့် အောင်မြင်စွာဖြစ်ထွန်းပါက အကျိုးအမြတ်ကောင်းမွန် မှုများရှိကြောင်းကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ စိုက်ပျိုးရေးဦးစီးဌာန ၀န်ထမ်းများနှင့် ရပ်ကွက်ကျေးရွာ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်ကိုကို(မြောင်)


