ရန်ကုန် ၂၈ ဇွန်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်ပါရမီလမ်းနှင့် ဗဟိုလမ်းထောင့်တွင် ယနေ့ညနေ ၃ နာရီခန့်က မိုးများ၍ သစ်ပင်ကြီးတစ်ပင် လဲကျခဲ့ရာ ဆက်သွယ်ရေးတိုင်များပေါ်သို့ လဲကျခဲ့သဖြင့် ကားလမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါနေရာသို့ လှိုင်မြို့နယ်စည်ပင် ပန်းဥယျာဉ်ဌာနမှ လာရောက်ပြီး ခုတ်ထွင်လမ်းရှင်းပေးခြင်း တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ကြည်ဇေသော်(ပြန်ဆက်)


