မိုင်းယု ၂၈  ဇွန်

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် နယ်စပ်ဒေသ မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာနက ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ဈေးများသို့ သွားရောက်ဝယ်ယူခြင်းကို လျှော့ချနိုင်ရန်နှင့် ကုန်ကျစရိတ် သက်သာစေရန်အတွက် ဌာနဆိုင်ရာရုံးများနှင့် ဒေသခံ ပြည်သူအချို့ကို ဇွန် ၂၈ ရက်၊ နံနက်ပိုင်းက သဘာဝအလျောက် စိုက်ပျိုးထွက်ရှိသည့် ခရမ်းချဉ်သီးများ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။

 

mdn

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများအနေဖြင့် အိမ်ခြံဝင်းတွင် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်ရန်၊ ဈေးထွက်ဝယ်စရာမလိုဘဲ မိမိတို့၏ အိမ်ခြံဝင်း (သို့မဟုတ်) ဌာနဆိုင်ရာ ရုံးဝင်းအတွင်း မြေလွတ်မြေရိုင်း နေရာများ၌ စိုက်ပျိုးထားရန်၊ မိသားစု ကုန်ကျစရိတ်ကို သက်သာစေပြီး ကျန်းမာရေးနှင့် ညီညွတ်သော ဟင်းသီးဟင်းရွက်များကို လတ်လတ်ဆတ်ဆတ် ခူးဆွတ် စားသုံးနိုင်ရန်အတွက် မိမိရုံးဝင်းအတွင်း သဘာဝအတိုင်း စိုက်ပျိုးထားရှိသည့် ခရမ်းချဉ်သီးများကို ဌာနဆိုင်ရာရုံးနှင့် ဒေသခံပြည်သူ့အချို့ထံ တစ်အိမ်လျှင် (၅၀) ကျပ်သားနှုန်းစီဖြင့် အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မိမိရုံးဝင်းတွင်း ထပ်မံထွက်ရှိလာမည့် ခရမ်းသီး၊ ငရုတ်သီး၊ ချဉ်ပေါင်၊ ပဲတောက်ရှည်နှင့် အခြားသီးနှံများမှ ထွက်ရှိလာမည့် ဟင်းသီးဟင်းရွက်များကိုလည်း ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းနှင့် Home Garden စိုက်ပျိုးလိုသူများကလည်း အသီးအရွက်ပျိုးပင်များကို အခမဲ့လာယူနိုင်ပါကြောင်း  စိုက်ပျိုးရေး ဦးစီးဌာမှ သိရသည်။

 

ကိုကိုနိုင်(ပြန်/ဆက်)