သီပေါ  ၂၈ ဇွန်

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်တွင် ‌မြေအုတ်များအစား  ဘိလပ်မြေဖြင့် ထုတ်လုပ်ထားသည့် စက်ရိုက် ကွန်ကရစ်အုတ် (ဗြုန်းအုတ်) များ အသုံးပြုမှုများလာသဖြင့် တွင်ကျယ်စွာထုတ်လုပ် ရောင်းချလျက်ရှိကြောင်း သိရသည်။

 

မြေအုတ်များထုတ်လုပ်ရာတွင် အုတ်အတွက် မြေသားနှင့် အုတ်ဖုတ်ရန်အတွက် လောင်စာအဖြစ် ထင်းကိုအသုံး ပြု၍ သဘာဝသယံဇာတများ ထိခိုက်ပျက်စီးသော်လည်း ကွန်ကရစ်အုတ်လုပ်ငန်းမှာ ဘိလပ်မြေနှင့် သဲကိုသာ အသုံးပြုပြီး မီးဖုတ်ရန်လည်း မလိုသဖြင့် သဘာဝသယံဇာတများကို ပျက်စီးစေခြင်းမရှိကြောင်း နောင်ကွဲကျေးရွာမှ ကွန်ကရစ်အုတ် ထုတ်လုပ်ရောင်းချသူ ဦးလုံးကျိုင်း က ပြောသည်။

 

mdn

 

ထို့အပြင် ကွန်ကရစ်အုတ်များသည် မြေအုတ်များထက်လည်း ကြာရှည်အသုံးခံပြီး ဈေးနှုန်းမှာ တစ်လုံးလျှင် ၁၂၀ ကျပ်နှင့် အိမ်အရောက် ပို့ဆောင်ပေးရပါက ၁၅၀ ကျပ်သာရှိ၍ အုတ်ထက်ပို၍ သက်သာကြောင်း သိရသည်။

 

သီပေါမြို့နယ်တွင် အုတ်အသုံးပြုမှု များလာသဖြင့် ယခင်က မြေအုတ်များ အသုံးများခဲ့ရာမှ ယခုအခါ ကွန်ကရစ် အုတ်များကို တွင်ကျယ်စွာ အသုံးပြုနေကြပြီဖြစ်ကြောင်း သိရသည်။

 

စိုင်း(သီပေါ)