နတ်မောက်  ၂၉  ဇွန်

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စရံအိုင့်ကျေးရွာ စိုက်ပျိုးရေးနည်းပညာစင်တာတွင် ဆည်ရေအသုံးချရေး ဆွေးနွေးပွဲကျင်းပခြင်းကို  ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ဆွေးနွေးပွဲတွင် ရေအသုံးချရေး အဖွဲ့ခေါင်းဆောင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျောက်တံခါး ဆည်ရေသောက် ဧရိယာအတွင်းရှိ မိုးစပါးစိုက်တောင်သူများနှင့် အဖွဲ့ခေါင်းဆောင်များက ဆည်ရေအသုံးချရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရာ နတ်မောက်မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထိန်လင်းက ကျောက်တံခါးဆည်မြောင်းမကြီးတစ်လျှောက် စိုက်ပျိုးရေးတောင်သူများစိုက်ပျိုးရေအညီအမျှရရှိစေရန်၊ ရေကိုအလေအလွင့်နည်းပါး၍ သီးနှံစိုက်ပျိုးနိုင်စေရေး ရှင်းလင်းဆွေးနွေးခဲ့သည်။

 

နတ်မောက်မြို့နယ်၊ စရံအိုင့်ကျေးရွာသည် ကျောက်တံခါးဆည်ရေသောက် မြောင်းမကြီးမှာအလျား ပေ ၄၈၀ဝ၀ ရှိပြီး စိုက်ပျိုးရေးတောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးနိုင်ပြီး ကုလားပဲကိုလည်း စိုက်ပျိုးနိုင်မည်ဖြစ်ပြီး နွေစပါးကိုလည်းစိုက်ပျိုးနိုင်ကြောင်း သိရသည်။

 

လှဝင်း(နတ်မောက်)