ဒေးဒရဲ ၂၉ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ နောက်ပြန်တိုးကျေးရွာတွင် ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံ အင်ဂျင်နီယာတို့က ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ နောက်ပြန်တိုးကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေ ကျပ်သိန်း(၁၀ဝ)နှင့် ကျေးရွာပြည်သူ လူထု၏ ထည့်ဝင်ငွေကျပ်(၁၀)သိန်းတို့ဖြင့် အရှည်(၂၄၁၅)ပေ၊ အကျယ်(၄)ပေနှင့် ထု(၄)လက်မဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေး၏ ပြောကြားချက်အရ သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)


