ကျောက်ဆည်  ၂၉   ဇွန်

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် တောင်သူများအား ကိုဗစ်-၁၉ကာလအတွင်း စိုက်ပျိုးစရိတ်ချေးငွေကျပ် ငါးသောင်း ထပ်မံထုတ်ချေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲမှ စတင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

 

တောင်သူများအားကိုဗစ်-၁၉ကာလအတွင်း စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူ ၁၂၂၈၅ ဦးအားစိုက်ပျိုးဧက ၅၇၅၂၈ ဧကအတွက်တစ်ဧကလျှင် ကျပ်ငါသောင်းနှုန်းဖြင့်ငွေကျပ်(၂၈၇၆၄)သိန်းအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း လယ်ယာ စိုက်ပျိုးရေး ကဏ္ဍအပေါ်တွင် အတိုင်းအတာတစ်ခုအထိ ထိခိုက်မှုများရှိနိုင်သည့်အတွက် တောင်သူများအားငွေကြေး ထောက်ပံ့ထုတ်ချေးပေးနိုင်ရန်နှင့် လယ်ယာကုန်ထုတ်လုပ်မှုတိုးတက်စေရန် အတွက်စိုက်ပျိုးစရိတ်ချေးငွေများကို ထပ်မံထုတ်ချေးပေးခြင်းဖြစ်ကြောင်း ကျောက်ဆည်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်ဌေးဝင်းကပြောပြ၍သိရသည်။

 

တင်တင်ထွေး(ပြန်/ဆက်)

 

mdn