မတ္တရာ ၂၉ ဇွန်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ညောင်ကုန်းကျေးရွာအုပ်စု လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ အသင်းပိုင် ငွေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း အသင်းသားများ အတွက် အထောက်အပံ့ဖြစ်စေ ရန်ရည်ရွယ်၍ ဆန်နှင့်ဆီများ ထောက်ပံ့ခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ အသင်းရုံး၌ ထောက်ပံ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့သို့ အခြေခံစားကုန်များထောက်ပံ့ရာတွင် မြို့နယ်သမဝါမအသင်းမှ အသင်းစုမှူး၊ ဌာနခွဲစာရေး ဦးကျော်ကျော်၊ လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်းဥက္ကဋ္ဌနှင့် အမှုဆောင်တို့မှ အသင်းသား (၂၈၉)ဦးအတွက် တစ်ဦးလျှင် ဆန်(၃) ပြည်နှင့် ဆီ(၅၀)ကျပ်သားနှုန်းဖြင့် ဆန်အိတ်ပိုင်း(၃၆)ပိုင်း(၃)ပြည် နှင့် ဆီ(၁၄၅)ပိဿာ စုစုပေါင်းတန်ဖိုးငွေကျပ် ၁၄၀၉၆၅၀ အား အသင်းသားများ၏ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


