မိုင်းရှူး ၂၉ ဇွန်

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့၌ ယနေ့နံနက် ၉နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

 

အဆိုပါဆွေးနွေးပွဲတွင်မြို့နယ်တရားသူကြီး ဦးအောင်လင်းက မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်သည် အမှုများကို စစ်ဆေးစီရင်ရာတွင် စံသတ်မှတ်ကာလအတွင်း ပြီးပြတ်စေရန် တည်ဆဲဥပဒေလုပ်ထုံး လုပ်နည်းတွေနှင့်အညီ တရားရုံးက အမှုနှင့်သက်ဆိုင်သူ အားလုံးနှင့်အတူပူးပေါင်းပြီး အချိန်နှင့်တစ်ပြေးညီ ထိရောက်မြန်ဆန်စွာ စစ်ဆေးစီရင်နိုင်ဖို့ ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ကြောင်း။

 

mdn

 

မှုခင်းများတွင် အငြင်းပွားမှုကို မျှတစွာဖြေရှင်းရန်၊ မှုခင်းများကိုအချိန်နှင့် တစ်ပြေးညီ စစ်ဆေးစီရင်နိုင်ရန်၊ အမှုလက်ကျန်များနှင့် ကြန့်ကြာနေသည့် မှုခင်းများ လျှော့ချရန်၊ တရားရုံးများ အပေါ် ပြည်သူလူထု၏ယုံကြည်ကိုးစားမှုကို မြှင့်တင်ရန်၊ ရရှိမည့်အကျိုးကျေးဇူးများ၊ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အဓိကလုပ်ငန်းစဉ်(၂)ရပ်၊ အမှုပြီးပြတ်ရန် ကြန့်ကြာစေနိုင်သည့် အကြောင်းတရားများ၊ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်တွင် ဖော်ပြထားသည့် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ နိုင်ငံတစ်ဝန်းတွင် စတင် ကျင့်သုံးမည့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ထုတ်ဝေသော မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အကြောင်း သိကောင်းစရာလက်ကမ်းစာစောင်များကို ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

 

မြို့နယ်ပြန်/ဆက်