ဝက်လက် ၂၉ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့၌ စာသင်သံဃာတော်များနှင့် သက်ကြီးဘိုး၊ ဘွားများ၊ ကြို့ပင် ပရိယတ္တိ စာသင်သင်တိုက်ရှိ သက်ကြီး ဘိုး၊ ဘွား (၅၃)ဦး အတွက် ဆန် (၁၉၂)ပြည်၊ ဆား (၂၅)ပိဿာ၊ ဆီ (၂၀)ပိဿာ၊ ပဲ (၂၄) ပြည်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းနောက် ဝက်လက်မြို့ မာဃိန္ဒာရာမ ပရိယတ္တိစာသင်တိုက်ရှိ စာသင်သံဃာတော် (၄၅) ပါး အတွက် ဆန် (၁၂၀)ပြည်၊ ဆား (၁၅) ပိဿာ၊ ဆီ (၂၀)ပိဿာ၊ ပဲ (၂၄)ပြည် တို့ကို ရွှေဘိုမြို့ အမှတ် (၁၁)ခြေမြန်တပ်ရင်း၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်း နှင့် တပ်ရင်းမိသားစုများက လှူဒါန်းသည်။
အဆိုပါ ပေးအပ်လှူဒါန်းမှုကို ရွှေဘိုမြို့ အမှတ် (၁၁) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး စောထက်အောင်၊ ဝက်လက်မြို့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်၊ အမှတ် (၃) ရပ်ကွက် ရာအိမ်မှူး ဦးစိုးဝင်း တို့ကပေးအပ်လှူဒါန်းသည်။
စိုးစိုးလှိုင် (ဝက်လက်)


