ပင်းတယ ၂၉ ဇွန်

 

ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်အတွင်းရှိ သဘာဝရေပြင်များတွင် ငါးသယံဇာတများ ရေရှည်တည်တံထိန်းသိမ်းရေးအတွက်  ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယပြည်နယ် ဦးစီးမှူး ဦးကျော်သီဟထွေး၊ ပင်းတယမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေး၊ ပင်းတယမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမြင့် ၊ ရှမ်းပြည်နယ်ဟိုတယ် လုပ်ငန်းရှင်များအသင်း ဒု- ဥက္ကဌ ဦးကျော်ထွေး ၊ ဓနုတိုင်းရင်းသားရေးရာ ဥက္ကဌ ဦးနေမျိုးကျော် ၊ ညောင်ရွှေ ငါးလုပ်ငန်း စခန်းတာဝန်ခံ ဒေါ်မိမိခိုင်နှင့်ဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်အတူ ညောင်ရွှေငါးလုပ်ငန်းစခန်းမှ ငါးမြစ်ချင်း ကောင်ရေ ၆၀၀၀၀၊ ရွှေဝါ ငါးကြင်းကောင်ရေ ၆၀၀၀၀ နှင့် မြက်စားငါးကြင်းကောင်ရေ ၃၀၀၀၀၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၁၅၀၀၀၀ တို့အား ပင်းတယမြို့နယ်အတွင်းရှိ ပုန်းတလုတ်ကန် ၊ ကြာအင်းကန်နှင့် အင်းလျားအင်းကန်များ အတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြောင်း သိရှိရသည်။

 

(သတင်းစဉ်)