ဘားအံ ၂၉ ဇွန်

 

ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်အေးအေးဇော်၊ ဘားအံခရိုင်မှူး၊ ကော့ကရိတ်ခရိုင်မှူးနှင့် ဝန်ထမ်းများသည် (၂၈-၆-၂၀၂၀)ရက်နေ့တွင်  ဇာသပြင် ငါးလုပ်ငန်း စခန်းမှ ငါးခုံးမကြီးသားပေါက် ကောင်ရေ (၂၀၀၀၀)စီဖြင့် စုစုပေါင်း ကောင်ရေ (၄၀၀၀၀)အား ဘားအံမြို့နယ် တော်လှအင်းအတွင်းသို့ ကမ်းကြီးကျေးရွာနှင့် မိကရင်ကျေးရွာတို့အနီးမှ မျိုးစိုက်ထည့်ခဲ့ပါသည်။

 

ထို့နောက် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ် ကော့မြတ်ကြီးကျေးရွာ မြစိမ်းရောင် (ငါးကဏ္ဍ) ကော်မတီဝင်များနှင့်တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး ဆောင် ရွက်ခဲ့ပါကြောင်း သိရှိရသည်။

 

(သတင်းစဉ်)