ကန့်ဘလူ   ၂၉   ဇွန်

 

ဒေသခံတောင်သူများ မိမိတို့၏စိုက်ပျိုးရေး လုပ်ငန်းခွင်နယ်ပယ်တွင် လက်တွေ့အသုံးချ စိုက်ပျိုးနိုင်ရေး အတွက် ရည်ရွယ်ကာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်  ကန့်ဘလူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့မနည်းပညာ ပြန့်ပွားရေးစင်တာ(KC) တွင် စပါးပျိုးသက်နု ကောက်ကွက်ကျဲနည်းစနစ်( SRI- စပါးအစွမ်းဖွင့်စိုက်ပျိုးရေး)များပညာပေးသင်တန်းကို ဇွန် ၂၉ ရက်နံနက် ၈ နာရီခွဲက ကျင်းပသည်။

 

အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဝင်းရွှေက သင်တန်းဖွင့် အမှာစကား ပြောကြားသည်။ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစံအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။

 

mdn

 

အဆိုပါ သင်တန်းသို့ ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ်တို့မှ ဒေသခံတောင်သူများ၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနတို့မှ ကွင်းဝန်ထမ်းများတက်ရောက်ကြပြီး သင်တန်းကာလ ဇွန် ၂၉/၃၀ နှစ်ရက်တာတွင် စိုက်ပျိုးရေးတက္ကသိုလ် တွဲဘက်ပါမောက္ခ(ငြိမ်း) ဦးသိန်းဆုက SRI- ပျိုးသက်နုကောက်ကွက်ကျဲ (စပါးအစွမ်းဖွင့် စိုက်ပျိုးရေး)၊ IPM ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်းများ၊ Homemade Pesticides အိမ်တွင်းဖြစ် ပိုးသတ်ဆေးပြုလုပ် သုံးစွဲနည်းများ၊ Climate Smart Agriculture ရာသီဥတုနှင့်ကိုက်ညီသော စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကို ဇီးကုန်းမြို့ နည်ပညာပြန့်ပွားရေးစင်တာ (KC) တွင် ဇွန် ၂၇/၂၈ ရက်နေ့များက တောင်သူများအား သင်ကြားပို့ချပေးခဲ့ပြီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)