မန္တလေး ၂၉ ဇွန်
မန္တလေးတိုင်း ဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းများ အတွက် လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန် သရဖူစိုးမြင့် ကုမ္ပဏီများအုပ်စုမှ ငွေကျပ် သိန်း ၁၀ဝ တန်ဖိုးရှိ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် SHUN TIAN Highway and Investment Co.,Ltd တို့မှ ငွေကျပ် ၅ သိန်းအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ ယနေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုတွင် သရဖူစိုးမြင့်ကုမ္ပဏီများအုပ်စုမှ ငွေကျပ် သိန်း ၁၀ဝ တန်ဖိုးရှိ Mask ၃၀ဝ၀ ၊ Hand Gel ၆၀ဝ ၊ N-95 Mask ၅၀ဝ ၊ PPE ဝတ်စုံ ၂၀ တို့နှင့်အတူ ဆန်အိတ် ၆၀ဝ နှင့် ဆီဘူး ၆၀ဝ တို့ကို လာရောက်လှူဒါန်းခြင်း ဖြစ်သည်။
မန္တလေးတိုင်း ဒေသကြီးအတွင်း၌ Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ကိစ္စရပ် များနှင့် စပ်လျဉ်း၍ လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန် စေတနာအလှူရှင်၊ ရဟန်းရှင်လူ ပြည်သူများနှင့် ကုမ္ပဏီများ၊ လူမှုအသင်းအဖွဲ့အစည်း အသီးသီးတို့မှ အလှူငွေများ ကျန်းမာရေးသုံး ပစ္စည်းများ၊ ဆန်၊ ဆီ၊ ဆား အစရှိသည့် ပစ္စည်းများကို စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးသို့ လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


