ထီးချိုင့် ၂၉  ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ နှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့်ပူးပေါင်းကာ မိုးကြိုးဘေး အန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် (၁၀)နာရီက လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရပါသည်။

 

mdn

 

အဆိုပါ လှည့်လည်နှိုးဆော်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒု-မီးသတ်ဦးစီးမှူး ဦးချမ်းမြေ့နိုင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များလိုက်ပါပြီး မိုးကြိုး ဘေးအန္တရာယ် သည် မိုးကြိုကာလနှင့် မိုးနှောင်းကာလများ၌ပိုမိုဖြစ်ပွားတတ်ပြီး မိုးကြိုးပစ်မှုများသည် အဆောက်အဦ များအပြင်ဘက်၊ လယ်ကွင်း၊ ကွင်းပြင်များ၌သာမက အိမ်အတွင်း၌ရှိနေစဉ်ပင် မိုးကြိုးစက်ကွင်း အန္တရာယ်ရှိနိုင်ပြီး သေဆုံးမှုများ၊ ဒဏ်ရာရမှုများဖြစ်ပွားတတ်ကြောင်း သတိပြု နိုင်ရန်နှင့် မိုးထစ်ချုန်း ရွာသွန်းခြင်း၊ လျှပ်စီးလက်ခြင်းများဖြစ်ပေါ်နေချိန်တွင် အထူးသတိပြုလိုက်နာနေထိုင်ကြရန် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ခဲ့ပြီး လျှပ်စီး လက်ခြင်း၊ မိုးကြိုးပစ်ခြင်း ပညာပေးစာစောင်များကို လူစည်ကားရာမြို့မဈေးတွင် ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

 

ရဲလင်းထွန်း ထီးချိုင့်