မော်လမြိုင်  ၂၉  ဇွန်

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မီးသတ်ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝယ်ယူခဲ့သည့် Assault Boat & Yamaha Engine စက်လှေ(၁၁)စီးနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့ နံနက်ပိုင်းက ပြည်နယ်မီးသတ်ဦးစီးမှူး ဦးတင်မောင်နီနှင့် တာဝန်ရှိသူများက စစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ Assault Boat & Yamaha Engine စက်လှေ(၁၁)စီးနှင့် ဆက်စပ်ပစ္စည်းများသည် ဇွန် ၂၅ ရက်က ပြည်နယ်မီးသတ်ဦးစီးဌာနသို့ ရောက်ရှိခဲ့ပြီး ဇွန် ၂၆ ရက်တွင် စက်လှေတင်နောက်တွဲယာဉ် တပ်ဆင်ခြင်း၊ ဇွန် ၂၇ ရက်တွင် ခရိုင်မီးသတ်ဦးစီးမှူးအဖွဲ့မှ သံလွင်မြစ်အတွင်း ရေချစမ်းသပ်မောင်းနှင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ Assault Boat & Yamaha Engine စက်လှေ(၁၁)စီးနှင့် ဆက်စပ်ပစ္စည်းများကို ရေဘေးအန္တရာယ် ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)