ဟိုပုံး  ၂၉  ဇွန်

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ ဟိုပုံးမြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်၊ ဟိုပုံးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောသန်းချစ်နှင့်အဖွဲ့တို့က ကွင်းဆင်း စစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးရာတွင် ဟိုပုံးမြို့နယ်၌ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် စပ်တော-နောင်ဒေးလမ်း (၁၂/၀) မိုင်အနက် (၂/၀) မိုင် ကျောက်ခင်းပြီး ကျန် (၁၀/၀) မိုင်မှ (၂/၀) မိုင် ကျောက်ခင်းခြင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဆော်တောကျေးရွာမှ မောက်မွန်းကျေးရွာအုပ်စု၊ ပါယဉ်ကျေးရွာထိ ကျေးရွာချင်းဆက်လမ်း (၇/၀)မိုင်အနက် (၂/၀)မိုင် မြေလမ်းဖောက်လုပ်ခြင်းနှင့် မောက်မွန်း ကျေးရွာအုပ်စု၊ ကန်တရား-ပူခမ်း- ပန်းယဉ်-မှဲ့တချောင် ကျေးရွာချင်းဆက်လမ်း (၇/၀)မိုင်အနက် (၃/၄)မိုင် မြေလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်