ချင်းရွှေဟော် ၂၉ ဇွန်
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်မှ ယမန်နေ့ ညနေပိုင်းက နေရပ်ပြန်ပြည်သူ ၃၂ ဉီးနှင့် ယနေ့ မွန်းလွဲ ၃ နာရီက ၄၈ ဉီး စုစုပေါင်း ၈၀ ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်ပြည်သူ (၈၀) မှာ အမျိုးသား ၃၉ ဉီး၊ အမျိုးသမီး ၄၁ ဉီးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးမှ ၂၅ ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၁ ဉီး၊ ပဲခူးတိုင်းဒေသကြီးမှ ၄ ဉီး၊ မကွေးတိုင်းဒေသကြီးမှ ၁၀ ဉီး၊ ဧရာဝတီတိုင်းဒေသကြီးမှ ၄ ဉီး၊ ရှမ်းပြည်နယ်မှ ၃၂ ဉီးနှင့် ရခိုင်ပြည်နယ်မှ ၄ ဉီးတို့ဖြစ်သည်။
အဆိုပါ နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ရေသန့်ဘူးများနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် မော်တော်ယာဉ်များ စီစဉ်ပေးပြီး လားရှိုးမြို့သို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ချင်းရွှေဟော် နယ်စပ်ဂိတ်မှ ဧပြီ ၃၀ ရက်မှ ယနေ့အထိ အမျိုးသား ၆၈၃၄ ဉီးနှင့် အမျိုးသမီး ၅၄၉၀ ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ ၁၂၃၂၄ ဉီး ပြန်လည်ဝင်ရောက်ခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ စနစ်တကျ လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)


