နေပြည်တော်   ၂၉  ဇွန်

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID - 19 ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ယနေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ နောင်ဟီး IDP စခန်းနှင့် မံစီမြို့နယ်ရှိ မံပိန်းကြီး ကက်သလစ်နှင့် မံပိန်းကြီးနှစ်ခြင်း စုစုပေါင်း IDP စခန်း(၃)ခုသို့ သွားရောက်၍ လက်ဆေးစင် (၁၀) ခု၊ ဗီနိုင်း (၂) ချပ်၊ အပူချိန်တိုင်းကိရိယာ (၄) ခု၊ Surgical Mask (၁၆၆၈) ခု၊ COVID-19 အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၂) ခု၊ Hand Speaker (၂) ခု၊ အဝတ် Mask (၈၇၂၄) ခု၊ လက်သန့်ဆေးရည် (၁၆၆၈) ဘူး၊ ထုံး (၂၀) အိတ်၊ ဆပ်ပြာ (၆၄၁၄) ခဲတို့ကို သွားရောက် ထောက်ပံ့ခဲ့သည်။

 

mdn

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ဒါးပိုင်၊ အုန်းတောကြီး (မြောက်) နှင့် အုန်းတောကြီး(တောင်) စုစုပေါင်း IDP စခန်း (၃) ခုသို့ ဇွန် ၂၈ ရက်က သွားရောက်၍ ဆပ်ပြာ (၃၅၀၂၈) တောင့်အား သွားရောက်ထောက်ပံ့ခဲ့သည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင်  အသိပညာပေး လုပ်ငန်းများ၊    အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့်   စိတ်ဓါတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

(သတင်းစဉ်)