စေတုတ္တရာ  ၂၉  ဇွန်

 

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ရှိ ဘက်စုံသုံးဘေးဒဏ်ခံအဆောက်အဦတွင် Facility Quarantine ဝင်နေသူများအား ယနေ့နံနက်ပိုင်းက စားသောက်ဖွယ်ရာများနှင့် နှာခေါင်းစည်း (Mask)များ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးကျော်အောင်လွင်၊ တိုင်းဒေသကြီး(၁) လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုဉီး၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဉီးထွန်းထွန်းဝင်းနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက Facility Quarantine ဝင်နေသူများအား ခေါက်ဆွဲထုပ်၊ မုန့်၊ အချိုရည်၊ လူတစ်ဦးလျှင် နှာခေါင်းစည်း (Mask) နှစ်ခုနှင့် လက်ဆေးရည် (Hand Gel)တို့အား ပေးအပ်လှူဒါန်းခဲ့သည်။

 

ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်တစ်ဉီးအတွက် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဉီးဆောင်အဖွဲ့မှ ထောက်ပံ့သော ကိုယ်ဝန်ဆောင်မိခင် ထောက်ပံငွေကျပ် သုံးသောင်းကို ပေးအပ်ခဲ့သည်။

 

စေတုတ္တရာမြို့နယ်တွင် ပြည်ပမှ ပြန်လာသူများအား မြို့နယ်ဘက်စုံသုံး ဘေးဒဏ်ခံအဆောက်အဦတွင် အသွားအလာ စောင့်ကြည့်ကန့်သတ်နေရာအဖြစ် ဆောင်ရွက်ထားရှိလျက်ရှိရာ ယခုလက်ရှိတွင် ကျား(၁၅)ဉီး၊ မ(၁၆)ဉီး စုစုပေါင်း (၃၁)ဉီးရှိကြောင်း သိရသည်။

 

စည်သူလွင်(ပြန်/ဆက်)