ငဖဲ ဇွန် ၃၀

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  မကူးစက်နိုင်သော ရောဂါများကို စောစီးစွာရှာဖွေတွေ့ရှိ ကုသနိုင်စေရန်၊ ပိုမိုပြင်းထန်သောရောဂါနှင့် နောက်ဆက်တွဲ ပြဿနာများကို ရှောင်လွှဲနိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အဓိက မကူးစက်နိုင်သော ရောဂါများ နှလုံးနှင့်နှလုံးသွေးကြောရောဂါကာကွယ်ခြင်းနှင့်အခြေခံကုထုံး      လမ်းညွှန် မြို့နယ်အဆင့်ဆင့်ပွားသင်တန်းကို မြို့နယ်ခန်းမမှာ ယနေ့နံနက် ၉ နာရီက သင်တန်းဆက်လက် ပို့ချလျက်ရှိကြောင်း သိရသည်။

 

mdn

 

သင်တန်းတွင် မကူးစက်နိုင်သောရောဂါများဖြစ်သည့် သွေးတိုးရောဂါ၊ နှလုံးသွေးကြော ကျဉ်းရောဂါ၊ ဆီးချိုရောဂါ၊ သွေးချိုရောဂါ၊ကင်ဆာရောဂါ၊ နာတာရှည်အဆုတ်နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ ကင်ဆာရောဂါအနေဖြင့် မြန်မာနိုင်ငံတွင် အမျိုးသမီးများ၌အဖြစ်များသော ရင်သား ကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ၊ရင်သားနှင့်အဆုတ်ကင်ဆာ ဖြစ်ပွားမှုများကိုသိရှိပြီး ကြိုတင် ကာကွယ်နိုင်ရန် နည်းလမ်းများကို အသေးစိတ်ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။

 

အဆိုပါ သင်တန်းသို့ ငဖဲမြို့နယ်အတွင်းမှ ကျန်းမာရေးဆရာ၊ ဆရာမ(၆၃)ဦးတက်ရောက်ပြီး နည်းပြဆရာများအဖြစ် မြို့နယ်လက်ထောက်ဆရာဝန် ဒေါက်တာမျိုးထက်သူ၊ သူနာပြုအဆင့်-၁ ဒေါ်ခင်သန်းအေးနှင့် ကျန်းမာရေးမှူး ဒေါ်သန္တာစိုးတို့က ဇွန်လ ၂၈ ရက်မှ ၃၀ ရက်ထိ ၃ရက်ကြာ သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်