နေပြည်တော် ၃၀ ဇွန်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် Myanmar CDC(Centre For Disease Control) တည်ဆောက်ရေး မြေအတွင်း Geological Survey ပြုလုပ်ရာတွင် သီးနှံပျက်စီးဆုံးရှုံးမှုများအတွက် နစ်နာကြေး ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ဒက္ခိဏသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးတင်ထွန်း နှင့် ဦးအေးမောင်စိန်၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း၊ နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နစ်နာကြေး ပေးအပ်ပွဲအခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက အမှာစကား ပြောကြားပြီး နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက သီးနှံပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် တောင်သူ(၃)ဦးတို့အတွက် နစ်နာကြေးငွေ (၁၀၃၅၀ဝ၀)ကျပ်ကို တောင်သူများထံပေးအပ်ရာ တောင်သူများကိုယ်စား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဇော်မင်းလွင်(ပြန်/ဆက်)


