ခင်ဦး  ၃၀  ဇွန်

 

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်နှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့် ကာလအတွက် ထပ်ဆောင်းထောက်ပံ့ငွေ များကို ဇွန် ၂၉ ရက် ညနေ ၅ နာရီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းကြူ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးချိုလင်းအောင်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုလတ်တို့က မြို့ပေါ်ရှိ ဘိုးဘွားများအိမ်သို့ သွား၍ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

 

 

ခင်ဦးမြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၁၁၀၀ တို့ကို ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာ ရေးနှစ်၊ တတိယသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်) အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် သုံးသောင်းနှင့် ကိုဗစ်-၁၉ ကာလအပိုဆောင်း ထောက်ပံ့ငွေကျပ် သုံးသောင်း စုစုပေါင်း ငွေကျပ် ခြောက်သောင်းကို ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

 

စိုးဝေအောင်(ခင်ဦး)