သာပေါင်း ၃၀ ဇွန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန သာပေါင်းမြို့နယ်ဦးစီးမှူး ဦးသာနိုင်အောင်နှင့် တာဝန်ရှိသူများသည် သာပေါင်း မြို့နယ် မယ်ဇလီကွင်းပေါက်ကျေးရွာအုပ်စု အနောက်စုကျေးရွာ၌ ဇွန် ၂၇ ရက်က ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့ရသော နေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေကျပ် ၁၀၀၀၀ဝ၊ လူဦးရေ ခြောက်ဦးအတွက် ဆန်ရိက္ခာ ခုနစ်ရက်စာ ရန်ပုံငွေ ကျပ် ၁၂၆၀ဝ ကျပ် စုစုပေါင်းရန်ပုံငွေ ကျပ် ၁၁၂၆၀ဝ နှင့် (၁၆)မျိုးပါ ကယ်ဆယ်ရေးပစ္စည်းများကို ဇွန် ၂၉ ရက်က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန သာပေါင်းမြို့နယ်ဦးစီးမှူး ဦးသာနိုင်အောင်နှင့် မယ်ဇလီကွင်းပေါက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောလွင်တို့က လေဘေးသင့်ပြည်သူထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)


