မော်လမြိုင်ကျွန်း ၃၀ ဇွန်
လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့ နံနက် ၈ နာရီက မြို့နယ်မော်ဧရာခန်းမရှေ့၌ ကိုဗစ်-၁၉ ကာကွယ်ရေး ငါးရိက္ခာများ စားသုံးပေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်သည်။
ကိုဗစ်ကာလအတွင်း ငါးရိက္ခာများစားသုံးခြင်းဖြင့် အဟာရဓာတ်များစွာရရှိမည်ဖြစ်ကြောင်း ပြည်သူများ အသိပညာရရှိစေရေးအတွက် ရည်ရွယ်၍ မြို့နယ်လူစည်ကားသည့်နေရာတွင် ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးသက်နိုင်ထွေး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်နှင်းရည်စိုးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများက အသိပညာပေးဆိုင်းဘုတ်စိုက်ထူပြီး လူစည်ကားရာနေရာများ၊ ဈေးများတွင် လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သီတာအောင်(ပြန်/ဆက်)


