ဖာပွန် ၃၀ ဇွန်
ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့တွင် မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ် မြောင်းများတူးဖော်ခြင်းနှင့် အုတ်စီရေမြောင်းများ ပြုလုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မိုးတွင်းကာလ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များတွင် ရေမြောင်းများပိတ်ဆို့ခြင်းနှင့်အတူ မိုးရေများ တင်ကျန်ခြင်းများဖြစ်ပေါ်ခဲ့သည်။
ထိုသို့ဖြစ်ပေါ်ခဲ့သဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်လဲ့လဲ့မွန် ဦးဆောင်၍ မြို့တွင်းရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ ပြန်လည် တူးဖော်ခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်/ဆက်)


