ဟင်္သာတ  ၃၀  ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်  ပြည်ပမှ နေရပ်ပြန်လာသူများကို Quarantine Centre ပြုလုပ်ခဲ့သည့် နည်းပညာတက္ကသိုလ် (ဟင်္သာတ)တွင် ယမန်‌နေ့ညနေ ပိုင်းက ပိုးသတ်ဆေးဖျန်းခြင်းနှင့် သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်‌ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကရုဏာလုလင် လူမှုကူညီရေးအသင်း၊ ဟင်္သာတမြို့နယ် (SH) မီဒီယာအဖွဲ့များ၊ စေတနာ့လုပ်အားရှင်များက ပြည်ပမှ နေရပ်သို့ပြန်လာသူများကို Quarantine Centre (၂၁)ရက် ပြုလုပ်ခဲ့သည့် နည်းပညာ တက္ကသိုလ်(ဟင်္သာတ) ဟင်္သာမေအဆောင် အတွင်းရှိ အဆောင်များ၊ စာရေးခုံများ၊ တံခါးလက်ကိုင်များ၊ အိမ်သာများနှင့် တက္ကသိုလ်ဝန်းအတွင်းရှိ အသွားအလာ ကန့်သတ်ထားခဲ့သည့် နေရာများကို ပိုးသတ် ဆေးရည်ဖျန်းခြင်း၊ သန့်ရှင်း‌ရေးဆောင်ရွက်ခြင်းနှင့် စွန့်ပစ်အမှိုက်များကို စနစ်တကျမီး ရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)