စဉ့်ကိုင် ၃၀ ဇွန်  

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(မန္တလေး) တွင် သွားလာမှုကန့်သတ်ထားရှိသည့်​ နေရပ်ပြန်များအား ကိုဗစ်-၁၉ကူးစက်ရောဂါ ရှိ/မရှိဓာတ်ခွဲ  အတည်ပြုနိုင်ရေးအတွက် နှာခေါင်းတို့ပတ်နှင့် အာခေါင်တို့ပတ်နမူနာများ ရယူခြင်းကို ယနေ့နံနက် (၇)နာရီခွဲက  အဆိုပါကွန်ပျူတာတက္ကသိုလ် (မန္တလေး) တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကွန်ပျူတာတက္ကသိုလ်(မန္တလေး)တွင် နေရပ်ပြန်များအား (၂၁)ရက်  စောင့်ကြည့်ကာလ သတ်မှတ်ထားရှိရာ ဓာတ်ခွဲနမူနာများ ရယူရာတွင် တာ၀န်ကျ၀န်ထမ်း(၃)ဦး၊ ပရဟိတအဖွဲ့၀င်များ(၄)ဦး၊ နေရပ်ပြန်များစုစုပေါင်း(၅၉)ဦးတို့အား ရယူခဲ့ခြင်းဖြစ်ပြီး အဆိုပါဓာတ်ခွဲနမူနာများအား ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန မန္တလေးမြို့သို့ပေးပို့ပြီး ဓာတ်ခွဲအဖြေရယူသွားမည်ဖြစ်ကြောင်း   မြို့နယ်    ပြည်သူ့ကျန်းမာရေးဌာန၊ ဒေါက်တာအေးလွင် က ပြောကြားခဲ့ကြောင်း သိရသည်။

 

ထိုသို့ဓာတ်ခွဲနမူနာများရယူရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦး၀င်း၀င်းစိုးနှင့် ဌာနဆိုင်ရာမှ၀န်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးမှူး ဒေါက်တာအေးလွင်၊ ဒေါက်တာအက်စ်တာရိန်းနှင့် ကျန်းမာရေးဌာနမှ၀န်ထမ်းများ၊ ပရဟိတအဖွဲ့၀င်များ ပူးပေါင်းပါ၀င်ဆောင်ရွက်ခဲ့ကြကြောင်း  သိရသည်။

 

၀င်း၀င်းသန်း(မြို့နယ် ပြန်/ဆက်)