ညောင်ဦး ၃၀ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဒေါ်နန်းဆိုင်စိန် ဦးဆောင်သော ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့မှ အဖွဲ့ဝင်များသည် ဇွန် ၃၀ ရက် နံနက်ပိုင်းက မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများနှင့် ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုဝင်များအား ကိုဗစ် - ၁၉ ကာလ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ဆန်၊ ဆီ၊ ကြက်သွန်၊ ကြက်ဉ စားသောက်ဖွယ်ရာ ပစ္စည်းများနှင့် နှာခေါင်းစည်းများ သွားရောက်ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စားသောက်ဖွယ်ရာပစ္စည်းများ သွားရောက်ထောက်ပံ့လှူဒါန်းရာတွင် ညောင်ဦးခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဒေါ်နန်းဆိုင်စိန်နှင့် အဖွဲ့ဝင်များက ပုဂံအမှိုက်ကုန်းမှ ဆင်းရဲနွမ်းပါး အိမ်ထောင်စု(၁၀)စု၊ ဘုရားစောင့် အိမ်ထောင်စု(၅)စု၊ မင်္ဂလာသာစည်မှ သက်ကြီးရွယ်အို အဘိုး၊ အဘွား (၁၁)ဦး၊ ညောင်ဦးမြို့ အမှိုက်ကုန်းမှ ဆင်းရဲနွမ်းပါး အိမ်ထောင်စု(၁၅)စု၊ အောင်ဇေယျရပ်ကွက်မှ ဆင်းရဲနွမ်းပါးသော အဘိုးအဘွား (၆)ဦးတို့အား အိမ်ထောင်စု(၁)စုလျှင် ဆန်(၃)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်သွန်(၁)ပိဿာ၊ ကြက်ဥ(၁၀)လုံးနှင့် နှာခေါင်းစည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပုဂံမြေ)


