နေပြည်တော် ၃၀ ဇွန်

 

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံးများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံး(မန္တလေးတောင်)၊ ခရိုင်ရုံး(မန္တလေးမြောက်)တို့တွင် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးစောင်ရေ များပြားလာသည့်အတွက် လုပ်ငန်းဆောင်ရွက်သည့် ပြည်သူများ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရခြင်း၊ ရုံးတွင်းယာဉ်ကြောကြပ်တည်းမှု ဖြစ်ပေါ်ခြင်းနှင့် COVID-19 ရောဂါအန္တရာယ် စိုးရိမ်ရခြင်းများ လျော့နည်းစေရန်နှင့် ပြည်သူများ သက်သာအဆင်ပြေစေရန် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးရက်ချိန်း ကြိုတင်စာရင်းသွင်းသည့်စနစ် (Online Booking System) ကို ဇူလိုင် ၆ ရက် (တနင်္လာနေ့) မှ စတင်၍ ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်သည်။

 

ပြည်သူများသည် မိမိယာဉ်မောင်းလိုင်စင် သက်တမ်းတိုးလိုသည့် ရက်များကို ဇူလိုင် ၃ ရက် (သောကြာနေ့) မှ စတင်၍ www.rtad.gov.mm Website တွင် Online Booking ကို အနည်းဆုံး (၁)ရက်မှ အများဆုံး ရက် (၃၀)အထိ ကြိုတင်ရယူနိုင်သည်။

 

Online Booking System အား “က”၊ “က-၁”၊ “ခ”၊ “ဃ”၊ “င” သက်တမ်းတိုး ယာဉ်မောင်းလိုင်စင်များအတွက်သာ စတင်ဆောင်ရွက်ပေးမည်ဖြစ်ပြီး “သ”၊ “ဂ”၊ “ဌ”၊ “စ”၊ “ဟ” သက်တမ်းတိုးမည့် ယာဉ်မောင်းလိုင်စင်များ၊ နယ်ဝင်နှင့် ပျောက်/ပျက် မိတ္တူဆောင်ရွက်မည့် ယာဉ်မောင်းလိုင်စင်များသည် Online Booking ရယူရန်မလိုဘဲ ယခင်အတိုင်းသာ ဆက်လက်ဆောင်ရွက်ရမည် ဖြစ်သည်။

 

ရုံးဖွင့်ရက်တစ်ရက်လျှင် နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ လေးကြိမ်ခွဲ၍ ရုံးများအလိုက် အောက်ပါစောင်ရေများအတိုင်း လက်ခံဆောင်ရွက်ပေးမည်ဖြစ်သည်-

 

1

 

လက်ရှိကာလတွင် အစိုးရရုံးဖွင့်ရက်များသာမက အပတ်စဉ်စနေနေ့ကိုပါ ဝန်ဆောင်မှုလုပ်ငန်းများ လက်ခံဆောင်ရွက်ပေးလျက်ရှိပါ၍ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်အထိ စနေနေ့ပါ Online Booking ရယူနိုင်သည်။

 

Online Booking အသုံးပြုရန် အသေးစိတ်အချက်များအား www.motc.gov.mm, www.myanmarrtad.com, www.rtad.gov.mm Website များနှင့် RTAD HQ Facebook တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး မရှင်းလင်းသည်များရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်သည်-

 

2

 

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန