ဝေါလေမြိုင် ၁  ဇူလိုင်

 

ကရင်ပြည်နယ် မြဝတီခရိုင် ဝေါလေမြိုင်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်း သားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်အစိုးရအဖွဲ့(ငွေလုံးငွေရင်း)နယ်စပ်ဒေသဖွံ့ဖြိုး ရေးရန်ပုံငွေဖြင့် ဝေါလေမြိုင်မြို့ရှိကျေးရွာများ မီးလင်းစေရေးအတွက် နေအိမ်သုံးဆိုလာပါဝါ(၁၆၄)စုံအား ပေးအပ်တပ်ဆင်မှု ဆောင်ရွက်ပြီးစီးကြောင်းသိရသည်။

 

အဆိုပါဆိုလာပါဝါများကို ဝေါလေမြိုင်မြို့၊ ထီးသဲလယ်ကျေးရွာအုပ်စု တဝေါသောကျေးရွာတွင် (၄၉)စုံ၊ ရေပူကြီးကျေးရွာတွင် အစုံ ၂၀ ၊ ဥကရစ်ကြိုးကျေးရွာတွင် (၄၁)စုံ၊ မောခီးကျေးရွာအုပ်စု ကော့ချဲရွာသစ် ကျေးရွာတွင် (၁၈)စုံ၊ ထီးဘောကော်ကျေးရွာတွင် (၂၂)စုံ၊ ဝေါလေမြိုင်မြို့ ကျန်းမာရေးဆေးပေး ခန်းများတွင်(၈)စုံ၊  အမက(ဝေါလေမြိုင်)ကျောင်းတွင် (၃)စုံ၊ အမက-ခွဲ(လော့ခေါ်)ကျောင်းတွင်(၃)စုံ စုစု ပေါင်း ဆိုလာပါဝါ (၁၆၄)စုံအား ပေးအပ်တပ်ဆင်ပေးခဲ့ကြောင်းသိရသည်။

 

ထိုသို့ပေးအပ်တပ်ဆင်ပေးရာတွင် ဝေါလေမြိုင်မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီ၊ မြဝတီမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယဦးစီးမှူး ဦးစောသိန်းဟန်နှင့် တာဝန်ရှိသူများက ဒေသခံကျေးရွာနေပြည်သူများ၏ နေအိမ်များသို့သွားရောက်သွားရောက်၍ ဆိုလာပါဝါနှင့်ဆက်စပ်ပစ္စည်းများကို ပေးအပ်ခဲ့ပြီး ကျော်လွှား (ဘားအံ)ကုမ္ပဏီမှ တာဝန်ခံ ဦးနောင်နောင်နှင့်အဖွဲ့က ဆိုလာပါဝါနှင့်ပတ်သက်၍ အသုံးပြု ရမည့်နည်းလမ်းများကိုပြသခဲ့ပြီး နေအိမ်များတွင် ဆိုလာပါဝါများကို စနစ်တကျတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

 

နိုင်မျိုးသင်း(ပြန်/ဆက်)