ရေနံချောင်း ၁ ဇူလိုင်
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ဝက်လွတ်ကျေးရွာအုပ်စု လမ်းကူးကျေးရွာအနီး ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များဘေးအန္တရာယ်ကျရောက်မှုမရှိစေရန် နှင့် ကမ်းပြိုကာကွယ် ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ယမန်နေ့က အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှ၊ မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသက်နိုင်ထွန်း၊ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်၊ ရေနံချောင်းမြို့နယ်အုပ်ချုပ်ရေး မှူး ဦးမန်ကိုဟောနှင့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များက လမ်းကူး ကျေးရွာတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်များဖျက်စီးစုပုံထားမှုအခြေအနေများကို ကြည့်ရှုခဲ့ပြီး ဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့နေရာချထားပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး


