သာပေါင်း ၁ ဇူလိုင်
သာပေါင်းမြို့နယ်၊ လူမှု၀န်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်မြင့်၊ ဧရာ၀တိုင်းဒေသကြီး မသန်စွမ်းသူများ အသင်းချုပ်ဉက္ကဋ္ဌ ဦးပြည့်စုံဝင်းချစ်၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၊ သာပေါင်းမြို့နယ်ရုံးခွဲ၊ အတွင်းရေးမှူး ဦးအောင်ကိုကို နှင့် တာ၀န်ရှိသူများ က ယမန်နေ့ မွန်းလွဲပိုင်းမှ စတင်၍ ဆီဆုံကျေးရွာအုပ်စု၊ သဘော့ချောင်းကျေးရွာတွင် နေထိုင်သူ မောင်ရန်နောင်စိုး(ကိုယ်အဂ်ါ မသန်စွမ်း)၊ လှေကြီးတတ်ကျေးရွာအုပ်စု၊ အုတ်ပုံကုန်းကျေးရွာ နေထိုင်သူ စောဂျွန်ဖေါ(ကိုယ်အဂ်ါ မသန်စွမ်း)နှင့် ဇီးဖြူကွင်းကျေးရွာအုပ်စု၊ ဇီးဖြူကွင်းကျေးရွာတွင်နေထိုင်သူ ဦးကံချစ်(အမြင်နှစ်ဖတ် မသန်စွမ်း)များ နေထိုင်ရာ ကျေးရွာ နေအိမ်အရောက် လက်၀ယ်သို့ တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် မသန်စွမ်း (ဆင်းရဲနွမ်းပါ)ထောက်ပံ့ပေးအပ်ခြင်း အစီအစဉ်ဖြင့် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း (ပြန်/ဆက်)


