ကြံခင်း   ၁   ဇူလိုင်       

           

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ မြို့မရပ်ကွက်နှင့်ရွာသစ်ရပ်ကွက်အတွင်း နေထိုင်ကြသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေ များ ပေးအပ်ခြင်းကို ယမန်နေ့က ကြံခင်းမြို့မရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်များရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့ငွေပေးအပ်ခြင်းသည် ပထမအကြိမ် အခြေခံစားသောက်ကုန်ထောက်ပံ့ရာတွင် ကျန်ရှိ သော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ပေးတာဖြစ်ပြီး အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၁၅၀ဝ၀ နှုန်းဖြင့် မြို့မရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၁၈၁ စုအတွက်  ငွေကျပ် သိန်း ၂၇၁၅၀ဝ၀ အားလည်းကောင်း၊ ရွာသစ်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၈၇ စုအတွက် ငွေကျပ်သိန်း ၁၃၀၅၀ဝ၀ အားလည်းကောင်း ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ ထောက်ပံ့ပေးခြင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထွန်းလင်းမော်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးကျော်ကျော်လွင်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေမှူး ဉီးထွန်းသန့်ဇင်မျိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ထောက်ပံ့ပေးငွေ များအား ပေးအပ်ခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် နေထိုင်ကြသော အခြေခံ လူတန်းစား အိမ်ထောင်စုများကိုလည်း ထောက်ပံ့ငွေများ ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

မိုးမိုး(ပြန်/ဆက်)