ညောင်ဦး ၁ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်း ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း ၃၅ ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိကြောင်း ညောင်ဦးခရိုင်၊ခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဌေး ထံကသိရသည်။
ညောင်ဦးခရိုင်အတွင်း ညောင်ဦးမြို့နယ်တွင် ကျောင်း(၁၀)ကျောင်းအဆင့်တိုးမြှင့်ဖွင့် လှစ်ခွင့်ရရှိခဲ့သည်။
အခြေခံပညာမူလတန်းလွန်မှ အခြေခံပညာမူလတန်းကျောင်းခွဲ(၁)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းမှ အခြေခံပညာမူလတန်းလွန်ကျောင်း (၇)ကျောင်း၊ ကိုယ့်အားကိုယ်ကိုး ကျောင်းအဖြစ်မှ အခြေခံပညာမူလတန်းကျောင်းခွဲအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိသည့် ကျောင်း(၂)ကျောင်းတို့ဖြစ်ပြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(၁)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း(၅)ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်းခွဲ(၄) ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း(၁၂)ကျောင်း၊ အခြေခံမူလတန်းကျောင်း(၁) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း-ခွဲ(၁)ကျောင်းတို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိခဲ့ပြီး ကျောက်ပန်းတောင်းမြို့နယ်တွင် စုစုပေါင်း(၂၅)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိခဲ့ ကြောင်းသိရသည်။
မြန်မာတစ်နိုင်ငံလုံး ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း (၃၈ ၅၁)ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ရရှိခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီး ကျောင်းအဆင့်တိုးအရေ အတွက် (၂၅၂)ကျောင်းရှိကာ ညောင်ဦးခရိုင်အတွင်း ကျောင်းအဆင့်တိုး (၃၅)ကျောင်းရှိခဲ့ ကြောင်း ညောင်ဦးခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဌေး ကရှင်းပြ၍သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


